ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်

ပေါက်တော ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်၊  စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာပေးခြင်းအစီအစဉ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။

အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က Talk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး ပေါက်တောမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းတာဝန်ခံ ဒေါ်စံစံဦးက SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေး ပြောကြားကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက်Facebook Page နှင့် We Love Pauk Taw Facebook Pageတို့တွင်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြော ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)