ပေါက်တော ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာစျေးရှိ စျေးဆိုင်ခန်းများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား သွားရောက်အကြံပြုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)