ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

မောင်တော ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်းကို ၂၀-၁-၂၀၂၃ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်တောခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့က ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မီးသတ်စခန်းများရှိ မီးသတ်တပ်ဖွဲ့ဝင် (၈၂)ဦးအတွက် တစ်ဦးလျှင် ဆီ ၊ ဆား ၊ ကြက်သွန်နီ ၊ ကြက်ဥ၊ အချိုမှုန့် ၊ ငါးသေတ္တာ ၊ ခေါက်ဆွဲ ၊ စုစုပေါင်း အမျိုးအစား (၇)မျိုးအား ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တပ်ဖွဲ့ဝင်နှင့် မိသားစုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်