ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများဆောင်ရွက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့မဈေးအတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။