အမ်း ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုက်မော်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးများ ရရှိအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးမွေးမြူရေး နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး စသည့် လုပ်ငန်းကိစ္စရပ်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက လမ်း၊ တံတားကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး တို့အတွက် ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များသည် ဂါယ်လောင်း ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဇုန်ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုကာ လိုအပ် ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)