ရသေ့တောင် ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့မဈေးအတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးလူမော်တို့က ဈေးမီးဘေးလုံခြုံရေးအတွက် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျမီးငြှိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းတတ်စေရန် ဆီမီးလောင်ကျွမ်းမှုအား အဝတ်ဖြင့်ဖုံးအုပ်မီးငြှိမ်းသတ်ခြင်းများကို ဈေးသူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြသစေခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ ၊ မီးချိတ် ၊ မီးကပ်များ ၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ဆေးဘူးများဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်နှင့် ဈေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခြင်း ၊ ဈေးအနီးအနားရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့ရေမြောင်းများ အတွင်း ရေများပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်