ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၄၄)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်ဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပင့်ဆောင်ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့်ငပလီမြို့သူ/မြို့သားများစုပေါင်းကျင်းပသည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည် (၈)ပါးသည် ယမန်နေ့  နံနက်၁၁:၃၀ နာရီက  ငပလီမြို့၊ သံတွဲလေဆိပ်မှ Memento Resort သို့ မော်တော်ယာဉ်များဖြင့်  ပူဇော်ပွဲကို လှည့်လည်  အပူဇော်ခံခဲ့ကြသည်။

စစ်တွေမြို့ အထက(၂)‌ဓမ္မဇေယျခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀၃၀)ချိန်က အထက(၂) ဓမ္မဇေယျခန်းမ၌ လူငယ်များ အသိပညာ၊ အတတ်ပညာ မြင့်မားပြီး အမှားအမှန် ခွဲခြားတတ်စေရန်၊ ဘက်စုံတော်သည့် လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ ကြွေးကျန် (NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရေး တွေ့ဆုံဆွေးနွေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အမ်းမြို့နယ်များမှ ဘဏ်ခွဲတာဝန်ခံများနှင့် တွေ့ဆုံ၍ ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးစိုက် တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန် ((NPL) ကျဆင်းရေးနှင့် ရာနှုန်းပြည့် ပြေကြေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ ညနေ (၄)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိနေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၄) ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၃၆၅) ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အား စာစစ် (၄) ခုဖြင့် စာမေးပွဲကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃၆၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဂွမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် ယမန်နေ့ နေ့လယ် ၁၁ နာရီက၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ပြိုလက်ဝဲမြို့ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နေ့လယ်အချိန်ကပြသခဲ့ကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်