ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ

မောင်တော ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယမန်နေ့ ညနေ  ပိုင်းက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ချစ်ကြည်ရင်းနှီးဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နိုင်ငံတော်အကြီးအကဲများ၏တွေ့ဆုံမှု မှတ်တမ်းပုံများနှင့် နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများတွင်ပါဝင်သော သတင်း၊ ဆောင်းပါး၊ ကြေငြာစာများစသည်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ခင်းကျင်းဖော်ပြထားပြီး ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်