အမ်း ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တိုက်မော်ကျေးရွာ အုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူ ဒေါ်သိန်းကြွယ်တို့ ပူးပေါင်းဆောင်ရွက်ထားသော ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိုက်မော်ကျေးရွာအုပ်စုရှိ ဒေသခံအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖုံလုံရေးနှင့် တဖက်တလမ်းမှ ဝင်ငွေရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်၍ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် နည်းပညာမျို့စေ့နှင့် သွင်းအားစုများကို ရယူပြီး ဆောင်းနေကြာစိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ ဆောင်းနေကြာ စိုက်ခင်းအားရိတ်သိမ်းခဲ့ရာ စံကွက် ၁ ဧက ပျမ်းမျှ အထွက်နှုန်း မှာ ၂၅.၃၈ တင်း ထွက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း