ကျောက်ဖြူ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နံနက်ပိုင်းကအများပြည်သူ သိရှိလေ့လာနိုင်ရန်အတွက် ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား တို့၏သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီး အကဲများ၏တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီး အကဲများ၏ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံအတွင်း လေ့လာကြည့်ရှုခဲ့ သည့် မှတ်တမ်းဓာတ်ပုံများအား ပြသထားရာ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)