စစ်တွေ မတ် ၂၆
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း(ရူပမြောက်)နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းဆောင်သစ်များ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်များရှေ့၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာမူလတန်းကျောင်း(ရူပမြောက်)အား ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသူလေးများက ရခိုင်ရိုးရာ ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးက ကျောင်းဆောင်သစ်အား ရူပမြောက် ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ ပြည်နယ်ပညာရေးမှူး၊ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံပညာ မူလတန်းကျောင်း (ရူပမြောက်)မှာ ၅၀ ပေ၊ ၃၀ ပေ RCC သုံးထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှာ ၇၀ ပေ၊ ၃၀ ပေ RCC သုံးထပ်ကျောင်းဆောင်သစ်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)