မင်းပြား မတ် ၂၆
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းပြားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်သော ကင်းဆိပ်-ခြိတ်တောင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉:၃၀)မိနစ်အချိန်တွင် အဆိုပါမုခ်ဦး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြောက်ဦးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးခင်မောင်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်းပြောကြားပြီး မင်းပြားမြို့နယ်ဒေသခံပြည်သူဦးစိုးမင်းက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးကလက်ခံပြီး မြောက်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်ဦးကပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးဝင်းကို၊ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြောက်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(မြို့ပြ)တို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကင်းဆိပ်-ခြိတ်တောင်လမ်းသည် အရှည်မိုင်(၂/၄)မိုင်ရှည်လျားပြီး ကွန်ကရစ်လမ်းသစ်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ခွင့်ပြုငွေကျပ်(၁၄၀.၀၀၀)ကျပ်သန်း ကုန်ကျခံကာ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အဆိုပါ ကျေးလက်လမ်းဖွင့်လှစ်ခြင်းဖြင့် ကင်းဆိပ်-သူဌေးကုန်း-ခြိတ်တောင်-သဒ္ဒါစသည့် ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝမြှင့်မားလာကာ ဒေသထွက်ကုန်များလည်း မြို့ပြနှင့်အချိန်တိုအတွင်း အလွယ်တကူကူးလူးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်