ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်း (၃)နာရီအချိန်က မီးရထားဆိပ်ရပ်ကွက်သင်ဘောဆိပ်ကမ်းနား၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားပုထိုးစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး အစဥ်အလာမပျက်ဘုရားရေသပ္ပါယ်ပူဇော်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပေါက်တောမြို့နယ်အတွင်းရှိဘုရားပုထိုး စေတီများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာရေသပ္ပါယ်ပူဇော်လျက်ရှိ​ကြသည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်‌ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ကျင်းပသည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဆဋ္ဌမအကြိမ်ဘုရားရေသပ္ပာယ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဆဋ္ဌမအကြိမ်မြောက် ဘုရားရေသပ္ပာယ်ပူဇော်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက  ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွုင့်အနီးရှိ  အဆိုပါမဏ္ဍပ်၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးရဲလင်းမောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ရွှေ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းဇော် တို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြသည်။

ငပလီမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားစည်ကား သိုက်မြိုက်စွာကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင်ကျရောက်သည့်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ရခိုင်ပြည်နယ်ငပလီမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သံတွဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင်ကျရောက်သည့်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက ရခိုင်ပြည်နယ်သံတွဲမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားရေသပ္ပါယ် ပူဇော်ခြင်းအားရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သင်္ကြန်အကြိုနေ့ ယမန်နေ့နံနက် ၈ နာရီအချိန်ကစတင်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများအားရိုးရာ အစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ရေသပါယ်ပူဇော်လျက်ရှိကြောင်း သိရသည်။

ကျော်တော်မြို့၌ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယမန်နေ့ညနေ(၇)နာရီက မြို့နယ်သာသနာ့ဗိမာန်နော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်