ဘူးသီးတောင်မြို့၌၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင်   ဧပြီ  ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်း (၃)နာရီအချိန်က မီးရထားဆိပ်ရပ်ကွက်သင်ဘောဆိပ်ကမ်းနား၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက နှစ်သစ်ကူး ဆုတောင်းအဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ရေကစားမဏ္ဍပ်အားဘူးသီးတောင် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြ သည်။

ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားတက်ရောက်လာသည့်ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက နံ့သာရည်သပြေခက်များနှင့် အတာရေများလိုက်လံပက်ဖျန်းခဲ့ ကြကြောင်းသိရသည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေးရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဝါသနာရှင်များမှသင်္ကြန်တေးသီချင်းများဖြင့် သင်္ကြန်ပွဲတော်ကိုအေးချမ်း ပျော်ရွှင်စွာဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)