ရခိုင်ပြည်နယ်

ဂွမြို့တွင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စစ်တွေမြို့၌ ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့်  ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။ 

ကျောက်ဖြူမြို့၌ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအား ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မြေပုံမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုး/ ဘွား (၇၄)ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ ဘွား(၇၄)ဦးတို့ အားသက်ကြီးပူဇော်ပွဲကျင်းပခြင်းကိုယနေ့နံနက်(၈)နာရီအချိန်က မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မြေပုံမြို့၌ မြို့လုံးကျွတ် ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ (၁၇)ကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာနံ့သာသွေး ပွဲကို ယမန်နေ့ ညနေ(၇)နာရီအချိန်က မြို့မဓမ္မာရုံရှေ့ ကွင်းပြင်၌ ကျင်းပသည်။

မြောက်ဦးမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် ရခိုင်ရိုးရာနံ့သာ သွေးပြိုင်ပွဲကိုယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ် ရပ်ကွက်အလိုက် နံ့သာသွေးပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင်မြို့၌မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမိသားစု (၁၁)ကြိမ်မြောက်ဘုရား ရေသပ္ပာယ်ရေး နံ့သာသွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဦးဆောင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု(၁၁)ကြိမ်မြောက် ဘုရားရေသပ္ပာယ်ရေး နံ့သာသွေးပွဲကိုယမနေ့ည၈နာရီနာရီ အချိန်ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ကျင်းပသည်။

ရမ်းဗြဲမြို့၌ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ ခရစ်သက္ကရာဇ်၂၀၂၃ခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် နံ့သာသွေးပြိုင်ပွဲအခမ်း အနားကို ယနေ့နံနက်(၈)နာရီအချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။

သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌သင်္ကြန်အကြိုနေ့ ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် လှပျိုဖြူလေးများသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်နိုင်ရေးအတွက် နံ့သာသွေးခြင်းတို့ကိုဆောင်ရွက်ကြပြီး

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပ

နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ မအီမြို့ပေါ်လူငယ်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ယနေ့ညနေပိုင်းက အ.ထ.က(မအီ) အားကစားကွင်း မြို့မဗဟိုမဏ္ဍပ်ရှေ့တွင် ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်