ပေါက်တောမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားပုထိုးစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး အစဥ်အလာမပျက်ဘုရားရေသပ္ပါယ်ပူဇော်

ပေါက်တော ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပေါက်တောမြို့နယ်အတွင်းရှိဘုရားပုထိုး စေတီများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာရေသပ္ပါယ်ပူဇော်လျက်ရှိ​ကြသည်။

အဆိုပါရေသပ္ပါယ်ပူဇော်ရာတွင် ပေါက်တောမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားပုထိုးစေတီများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ဘုရားများအား ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူပျိုအပျို ရပ်ကွက်လူငယ်အသင်းများ အေးချမ်းပျော်ရွှင်စွာ ဘုရားရေသပ္ပါယ်ခဲ့ကြပြီး ညနေပိုင်းတွင်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။     

မြို့နယ်(ပြန်/ဆက်)