တောင်ကုတ်မြို့၌ မဟာသင်္ကြန်‌ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကုတ် ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ကျင်းပသည်။

ရှေးဦးစွာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇင်သန့် ၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မြို့မိမြို့ဖဦးကျောက်တောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က နှစ်သစ်ကူးအမှာစကား ပြောကြားသည်။

ထို့နောက် မဟာသင်္ကြန်ယိမ်းအကအဖွဲ့များမှ မြူမှောင်ဝေကင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များက ကြွရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့ဝင်များအား သင်္ကြန်ရေစင်များပက်ဖျန်းကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် စည်ပင်လမ်းဆုံရှိ ရွှေဝါဖူးမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်