ပေါက်တောမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦနှင့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦနှင့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းရေးနှင့်အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။