မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောက်ဦး မေ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့် ပတ်သက်၍  အရေးပေါ်လုပ်ငန်း အစည်း အဝေးကို  ယမန်နေ့က  ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး   ဦးကောင်းမြတ်နိုင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် မိမိဌာန ရုံးအဆောက်အဦများပျက်စီး ဆုံးရှုံးစာရင်းများပြုစု၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အမြန်ဆုံးပေးပို့ကြရန်၊ ရုံးဌာနအလိုက် နိုင်ငံတော်အလံတိုင်များ ပျက်စီးသွားပါက အမြန်ဆုံးဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများ၊ ဆေးရုံးများ ထိခိုက်ပျက်စီးမှုစာရင်း ပြုစု၍ပေးပို့ကြရန်၊ ခုချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ဖွဲ့စည်းထားသော ကော်မတီအလိုက် ပေးအပ်သောတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြားရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍  အရေးပေါ်လုပ်ငန်း အစည်းအဝေးအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

 မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)