ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ကျေးရွာအုပ်စု (၅) အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်မှု ဖြင့် ယနေ့ ညနေ ၄ နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ပြည်သူများအား သွားရောက်၍ ထောက်ပံပေးအပ်ခဲ့ သည်။

မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်(အခမဲ့)ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က (ခွဲ) လ(၃) ကျောင်း၌၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူနေအဆောက်အအုံများပျက်စီး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အဆောက်အဦများ၊ ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ ဘာသာရေး အဆောက် အဦများ၊ လူနှင့် တိရစ္ဆာန်များ လေဘေးကြောင့် ဆုံးရှုံးပျက်စီးမှုများရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဒေါင်းချောင်းတံတား အရေးပေါ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား အရေးပေါ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ယနေ့နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများသည်  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နေ့လယ်အချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပးခဲ့သည်။ 

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းမှုအား ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ဆက်လက်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမုခါတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား မြို့နယ်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မေလ၁၄ရက်နံနက်ပိုင်းက တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ အထွေထွေရောဂါကုသမှု ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများအား ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများအား စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးသို့သွားရောက်၍စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။

အမ်းမြို့ပညာအလင်းတံခါးစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းရှိကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ် မြတ်နိုး လာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင် သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာရှိ  ပညာအလင်းတံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်