ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၈ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့၌မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များအမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ  လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း၏ ဦးဆောင်မှုဖြင့် ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများက ယနေ့နံနက်ပိုင်းက ဦးဥတ္တမခန်းမ၌ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် (၅) ရွာရှိရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား စာအုပ်၊စာစောင်(အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဓာတ်အားတိုင်များနှင့် သစ်ပင်ကြီးများအား ပြန်လည်တည့်မတ်ရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အလွန်ပြင်းထန်သော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့က ပြိုလဲခဲ့သည့် ဓာတ်တိုင်များနှင့်သစ်ပင်ကြီးများအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများက ယမန်နေ့နှင့်ယနေ့နံနက်ပိုင်းတို့တွင်  ပြန်လည် တည်မတ်ရှင်းလင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား  ပြန်လည်ထူထောင်ရေး ကိစ္စရပ်များဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ‌မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့နယ်၊ သက္ကယ်ပြင် ကျေးရွာသို့သွားရောက်ပြီး သက္ကယ်ပြင်တိုက်နယ် ဆေးရုံ၌ IDP စခန်းများမှ မုန်တိုင်းသင့် ဘင်္ဂါလီလူမျိုး စခန်းတာဝန်ခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းသင့်ပြည်သူများအား စာနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည့် ယနေ့၊ နံနက် (၁၀) နာရီက ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ မုန်ခါမုန်တိုင်းသင့်ပြည်သူများနှင့် လာရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများ အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများကို အရှိန်အဟုန်တိုးမြှင့်လုပ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများက စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်၊လမ်းများပေါ်တွင် လှည့်လည်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့​ကြသည်။
Subscribe to ရခိုင်ပြည်နယ်