ဂွ မေ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသောခြင်များ ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊ ခြင်ဆေး ဖန်းခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးပါက အသက် ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင် ကာကွယ်ရေးအတွက် မြို့မရပ်ကွက်အတွင်းရှိ ရေတွင်းရေကန် များတွင် အဘိတ်ဆေး ခတ်ခြင်း၊ ဘုရားပန်းအိုးများ၊ သုံးရေအိုးများ စသည်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး မိုးရေတင်ကျန် နိုင်သည့်ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်