ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်

ရမ်းဗြဲ မေ  ၁၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူပြည်သူများသို့  ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ Mobile စနစ်ဖြင့်  စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် (၁၂) နာရီက  ကျေးလက်ဦးစီး ဌာနနှင့် စီမံကိန်းဦးစီးဌာနများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်ကြသည့် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများအတွက် သုတ/ရသ၊ မဂ္ဂဇင်းနှင့် ဝတ္ထု စာအုပ်စာစောင်များကို ယူဆောင်လျက် ငှားရမ်းပေးခဲ့ ကြရာ ကျေးလက်ဦးစီးဌာနနှင့် စီမံကိန်းဦးစီးဌာန ဝန်ထမ်းကလည်း  ကြိုက်နှစ်သက်ရာ သုတ/ရသမဂ္ဂဇင်း စာအုပ်စာစောင်များကို ဖတ်ရှုရန် အတွက်  အားရဝမ်းသာငှားရမ်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   စာအုပ်စာစောင်များကို Mobile စနစ်ဖြင့်  ငှားပေးခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများသာမက   ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ကြရန်အတွက်  အိမ်တိုင်ရာရောက်စနစ်ဖြင့်လည်း  အခမဲ့ ငှားရမ်းပေးခြင်းနှင့်  လူငယ်များအတွက်  ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပြပွဲ ၊ ပြိုင်ပွဲများ ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)