အမ်းမြို့တွင် အသျှိုချင်းတိုင်းရင်းသားဝတ်စုံဂျပ်ခုတ်ရက်လုပ်ရောင်းချသူများ အဆင်ပြေ

အမ်း မေ ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု၊ ပျဥ်းတောကျေးရွာ၌ အသျှိုချင်းတိုင်းရင်းသားရိုးရာ ဂျပ်ခုတ်ဝတ်စုံ ရက်လုပ်ရောင်းချနေသူ ဝယ်ယူသူများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ယနေ့တွေ့ဆုံခဲ့ရာမေး​ခဲ့ရာ အသျှိုချင်း တိုင်းရင်းသား ဂျပ်ခုတ်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ် အတွင်းဒေသထွက် အသျှိုချင်းတိုင်းရင်းသား ရိုးရာဂျပ်ခုတ်ရက် လုပ်ရောင်းချနေသူများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇူလိုင်ထွေးနှင့်အဖွဲ့ဝင်များက ကျေးလက်နေပြည်သူများ၏ အသေးစား အလတ်စား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူ အသျှိုချင်းတိုင်းရင်းသားရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်လုပ် ရောင်းချသူများ အိမ်အမိုး သက်ကယ်ရက်လုပ် ရောင်းချနေသူများနှင့် သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားပြီး အသျှိုချင်းတိုင်းရင်းသား ရိုးရာဝတ်စုံ ရက်လုပ်ရောင်းချနေသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာအမျိုး သားကျားဝတ်စုံတစ်စုံလျှင် ငွေကျပ်နှစ်သိန်းကျော်ခန့် ရောင်းချရပါကြောင်း အမျိုးသမီးဝတ်တစ်စုံ နှစ်သိန်းခန်ရှိပါကြောင်း အမျိုးအစားပေါ်မူတည်၍ စျေးနှုန်းအတက်အကျရှိကြောင်း ရိုးရာဝတ်စုံတစ်စုံ ၁၅ ရက်ခန့် ရက်လုပ်ရပါကြောင်း ယခင်နှစ်များက တိုင်းရင်းသားရိုးရာပွဲများ မရှိ၍ ရက်လုပ်ရောင်းချမှု အဝယ်မလိုက်ဘဲ ယခုနှစ် တိုင်းရင်းသားရိုးရာပွဲများကြောင့် အဝယ်လိုက်၍ ရောင်းအားကောင်းကာဂျပ်ခုတ်ရက် လုပ်နေသူများ စီးပွား​ရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်