ရခိုင်ပြည်နယ်

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုရှိမရှိ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက သံတွဲ မြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စုရှိ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်များ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး CITIC Group (Myanmar )Co,.ltd မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော CITIC Group (Myanmar)Co,.ltd မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြေပုံမြို့၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များလှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် မြေပုံ မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် ပညာဗိမာန်ရိပ်သာကျောင်းနှင့် အ.ထ.က(မြေပုံ) ကျောင်း၌ “ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး” စုပေါင်းဆောင်ရွက်ခြင်းသို့ သွားရောက်သည်။

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ယနေ့ နေ့လည်အချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် စာတိုက်ရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်း‌ပေးခဲ့သည်။

ရမ်းဗြဲမြိုနယ်သို့ ရောက်ရှိလျက်ရှိသည့် ဗိုလ်မှူးချုပ်ဇော်မင်းအေး မုန်တိုင်းလွန်ကာလ၌ ရုံးဌာနများ ပုံမှန်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ရမ်းဗြဲမြို့ပေါ်တွင် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိနှင့် မုန်တိုင်းလွန်ကာလ၌ ရုံးဌာနများ ပုံမှန်ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက် (၉)နာရီအချိန်က  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် အမိုးသွပ်များ ပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည်အချိန်က အမ်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအတွက် လိုအပ်လျက်ရှိသော သွပ်၊ သွပ်သံနှင့်သစ်များ အားကွင်း ဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး MobileLibrary စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းရုံး ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်