အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

အမ်း မေ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ယနေ့ နေ့လည်အချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် စာတိုက်ရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်း‌ပေးခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ် များအား အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်စေရန်၊ လူသားတိုင်းကို ကောင်းကျိုးပြုသည့် စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ကာ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း/စာစောင်စသည့် စာအုပ်များအား  အပတ်စဉ် ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)