ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုရှိမရှိ ကြည့်ရှုစစ်ဆေး

သံတွဲ မေ  ၂၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက သံတွဲ မြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စုရှိ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်များ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည် ဆင်ခေါင်းအလယ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆင်ခေါင်းကျေးရွာအတွင်းရှိ လေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်တို့က ကျေးရွာနေပြည်သူများအား သဘာဝဘေးလွတ်ရာ နေရာများသို့ အချိန်မီ ပြောင်းရွေ့ဆောင်ရွက် ခဲ့မှု အခြေအနေ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထိုသို့ပြောကြားရာတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက မုန်တိုင်းလွန်ကာလအတွင်း လေဘေးသင့်ပြည်သူများ၏ စားသောက်နေထိုင်ရေး အခြေအနေများ အဆင်ပြေမှုရှိမရှိ သိရှိလို၍ ယခုကဲ့သို့ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည် များကို ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုထောက်ပံ့ပေးအပ်မှုမှာ နိုင်ငံတော်၏ ထောက်ပံ့မှုအတိုင်း လာရောက်ပေးအပ်ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် “မိုခါ”မုန်တိုင်းလွန်ကာလအတွင်း ရေကြောင့် ဝမ်းရောဂါဖြစ်ပွားမှု မရှိစေရေးနှင့် ကျန်းမာရေးဆိုင်ရာ များကို အလေးထားဂရုပြု ဆောင်ရွက်ရန်အသေးစိပ်မှာကြားခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ ရခိုင်စုတွင် ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းဘားပြိုကျမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ဆင်ခေါင်းကျေးရွာအလယ်ကျောင်း အင်ဒိုင်းကြီး ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ဇီးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြကာ   သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုရှိမရှိ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းနောက် ဇီးကျွန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းနှင့် ရွှေလှေကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ “မိုခါ” မုန်တိုင်းဒဏ်ကြောင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုရှိမရှိနှင့် ကြံ့ခိုင်မှုကောင်း၊ မကောင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်အပ်လက်ခံနိုင်ရေးနှင့် ဖွင့်လှစ်သင်ကြားနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကား ပြောကြားခဲ့သည်.

ဆက်လက်၍ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ဆင်ခေါင်းကျေးရွာအုပ်စု အတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်  လူနေအိမ် ၆၇ လုံး ၊ လူဦးရေ(၃၁၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၂၆၈၀၀၀ဝိ/-(ကျပ်နှစ်ဆယ့်ခြောက်သိန်းရှစ်သောင်း)နှင့် ဆန်ရိက္ခာ ၇ ရက် စာအတွက်  ၆၆၇၈၀ဝိ/-(ကျပ် ခေါက်သိန်းခြောက်သောင်းခုနှစ်ထောင့်ရှစ်ရာ) စုစုပေါင်း ထောက်ပံ့ငွေ ၃၃၄၇၈၀ဝိ/- (ကျပ် သုံးဆယ့်သုံးသိန်းလေးသောင်းခုနှစ်ထောင့်ရှစ်ရာ)တိတိကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ များက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)