ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပုဏ္ဏားကျွန်း ဇွန် ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယမန်နေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ရဲထွန်းဝင်းဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူနှင့်သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေ ရောဂါကုဆရာဝန်ကြီးတို့က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သံဃာတော်များနှင့် အလယ်စု၊ ရွာဟောင်းရပ်ကွက်အတွင်းရှိ နာမကျန်းဖြစ်နေသူများကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)