မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

မြောက်ဦး  ဇွန်  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ယမန်နေ့က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၄၄) ကျောင်းကို ယနေ့ ဇွန်လ (၁) ရက် နေ့တွင် တပြိုင်တည်းစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၉၇၂၄) ဦး ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိသည်။

မြောက်ဦးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-12 ကျောင်းသူ မအေးငြိမ်းသွယ်က ပထမဦးဆုံးကျောင်းဖွင့်ရက်ခံစားချက်ကို ယခုလို ဖြေကြားခဲ့ပါသည်- “ကျွန်မ ကတော့ အ.ထ.က-၂ ၊မြောက်ဦးမြို့မှာ ပညာသင်ကြားနေတဲ့ Grade-12 ကျောင်းသူ မအေးငြိမ်းသွယ် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်သုတ်ခွဲ၍ ပညာသင်ကြားနေပြီဖြစ်ပါတယ်။ နံနက်ပိုင်း ၆ နာရီမှ ၁၀ နာရီ ၁၅ မိနစ်အထိ ပထမအသုတ်နှင့် ၁၀ နာရီ ၄၅ မိနစ် မှ ညနေ ၄ နာရီထိ ဒုတိယအသုတ်တို့ဖြင့် ပညာသင်ကြားလျက်ရှိပါတယ်။ သင်ရိုးသစ်ကို စတင်သင်ကြားရပြီး သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေရမှာဖြစ်တဲ့အတွက် အလွန်ပင်ပျော်ရွှင်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်-’’ ဆက်လက်၍ Grade-12 ကျောင်းသား မောင်မင်းစိုးကလည်း ကျောင်းဖွင့်ရက် ခံစားချက်ကို “ကျွန်တော်ကတော့ သင်ရိုးသစ်ဖြစ်တဲ့ Grade-12 သင်ရိုးသစ် သင်ခန်းစာတွေကို သင်ကြားရတော့မှာဖြစ်တဲ့အတွက် အလွန်စိတ်ဝင်စားနေမိပါတယ်။ ဒါ့အပြင် ဆရာ၊ဆရာမများ၊ သူငယ်ချင်းများနဲ့ ပြန်တွေ့ရတော့မှာ ဖြစ်သလို  သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ရတာ့မှာ ဖြစ်တဲ့ အတွက် အလွန်ပျော်ရွင် မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်-­ ’’

မြင့်စိုး