မောင်တော ဇွန် ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ယနေ့ နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက မိမိတို့တက်ရောက်မည့် အတန်းအလိုက် သက်ဆိုင် ရာကျောင်းများတွင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြ သည်။ မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၆ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၅ ကျောင်း၊ မူလတန်း ကျောင်း ၃၃ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် မြိုယုကျေးရှိ အ.မ.က ယာယီ ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၂၁ ကျောင်းဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ အထက်တန်းကျောင်းသား/ သူ ၁၇၁၆ ဦး၊ အလယ်တန်းကျောင်းသား/သူ ၃၂၃၉ ဦး၊ မူလတန်း ကျောင်းသား/သူ ၁၃၈၉၀ ဦး စုစုပေါင်း ကျောင်းသား/သူ ၁၈၈၄၅ ဦး က သက်ဆိုင်ရာကျောင်းများတွင် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်