ရသေ့တောင် ဇွန် ၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းဒါဏ်ကြောင့် ကျေးရွာသောက်သုံးရေ ကန်တစ်ချို့တွင် ဆားငံဝင်သွား၍ သောက်သုံးရေ အခက်အခဲများရှိရာ သန့်ရှင်းသော သောက်ရေသန့်များ ရရှိစေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မေ ၃၁ ရက်နေ့က ကျေးရွာများသို့ Life Straw ရေသန့်စက်များ ပေးအပ်ခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများက လာရောက်ထုတ်ယူကြရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးတင်မောင်ဦးက Life Straw ရေသန့်စက်သုံးစွဲ နည်းအား ရှင်းလင်းပြောကြားပြီး Life Straw ၅၀ လုံးအား ကျေးရွာ ၃၂ ရွာကိုတာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ရေသန့်စက်များသည် ကျေးလက်နေ ပြည်သူများ အတွက် သန့်ရှင်းသော သောက်ရေများ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)