မင်းပြားမြို့၌သံဃာတော်များ(၃၀)ကြိမ်မြောက်နိကာယ်စာမေးပွဲဖြေဆို

မင်းပြား  ဇွန် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ စာဖြေသံဃာတော်များ၏ (၃၀)ကြိမ်မြောက် နိကာယ်စာမေးပွဲကို ပရိယတ္တိဓမ္မိ ကာရုံဘုန်းတော်ကြီးကျောင်းတိုက်၌ ဇွန်လ၁ရက်နေ့မှ ဇွန်လ၅ရက်နေ့ထိ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ထိုသို့ နိကာယ်စာမေးပွဲကို ဇွန်လ၁ရက်နေ့ ဝင်ရောက်ဖြေဆိုရာတွင် သံဃာတော်(၁၃၆) ပါးဖြေဆိုရန်လျှောက်ထားသည့် အနက်မှ မဟာဝိဒူတန်း(၁)ပါး၊ ဝိဒူတန်း(၉၅)ပါး၊စုစုပေါင်း စာဖြေသံဃာတော်(၉၆)ပါးက ပါရာဇိကကဏ္ဍအဌကထာ၊ ပါရာဇိကပါဠိတော်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၊ မူလပဏ္ဏာသပါဠိတော်၊ သဂါထာဝဂ္ဂနိဒါနဝဂ္ဂ သံယုတ္တပါဠိ၊ ဧကကဒုကတိက စတုက္ကနိပါတပါဠိ၊ဓမ္မသဂ်ဏီပါဠိတော် ဘာသာရပ်များအားဝင်ရောက်ဖြေဆိုခဲ့ရာ နိကာယ်စာမေးပွဲတွင် စာဖြေသံဃာတော်များအား သြဝါဒစရိယဆရာတော်ကြီးများက ကြီးကြပ်တော် မူကြကြောင်း သိရသည်။

သောင်းရွှေ(ပြန်/ဆက်)