မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြော

ကျောက်တော် ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်အောင်မှ ဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် နှင့် လုပ်ငန်းတာဝန်များကို ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဆရာမဒေါ်မြမြသိန်းက ကိုယ်ဝန်ဆောင်မိခင်များ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောသည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်အောင်နှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ထောက်ပံ့ပစ္စည်း (၅)မျိုးကို ပေးအပ်ရာ တက်ရောက်လာသူများမှလက်ခံရယူကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် လူမှုဝန် ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ တက်ရောက် ကြကြောင်းသိရသည်။

ဖြူဖြူဝင်း