ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်နေမှုနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား (အခမဲ့) ဆေးကုသ ပေးနေမှု အားသွားရောက်ကြည့်ရှုအား

ဘူးသီးတောင် ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီ အချိန်ကဘူးသီးတောင်မြို့ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများအား ရေစီး/ရေလာ ကောင်းမွန်စေရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူလူထုများ မှရှင်းလင်း ဆောင်ရွက်နေခြင်းအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြား ခဲ့ပြီး ဆက်လက် ထွက်ခွာရာ အ.လ.က(သပြေကုန်း) ကျောင်း၊ တောအ.မ.က(မူလွန်) မြို့သစ်ကျောင်း၊ နှင့်အ.ထ.ကခွဲ(၂)ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်း ပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး အတွက်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အမှိုက်သရိုက်များ ကင်းစင်နိုင်ရေး တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ကျောင်းဆရာ /ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်ပြည်သူလူ ထုများပူးပေါင်းပြီး စုစုပေါင်းအင်အား (၃၈၅)ဦးဖြင့် အမှိုက်ရှင်းလင်းခြင်း၊ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် အမှိုက်များအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တေဘာကား(၁)စီး၊ တပ်မတော်မှကား(၁)စီး၊ စုစုပေါင်းကား (၂)စီးဖြင့် သယ်ယူ ဆောင်ရွက်နေခြင်းများ အားသွားရောက်ကြည့်ရှုကာ အားပေး စကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့သစ်တောင်ရပ်ကွက် ၊ ကမ်းနားလမ်း ပန်းစံပယ်ဂိုဒေါင်အနီးရှိ အမှိုက်များအား Backhole(၁)စီး၊ တေဘာကား (၃)စီးဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေး ဝန်ထမ်းများမှ ရှင်းလင်း ဆောင်ရွက်နေခြင်း အားကြည့်ရှုအားပေးပြီး မြို့ပေါ်ရပ်ကွက်များအတွင်း မိမိရပ်ကွက်အလိုက် လမ်းမကြီး၊ လမ်းမ၊ လမ်းသွယ်၊ လမ်းကြားများနှင့် ရေမြောင်းများတွင် အမှိုက်များရှင်းလင်း ဆောင်ရွက်နေခြင်းအားလှည့် လည်ကြည့်ရှုကာအားပေး စကားများပြောကြားခဲ့ပြီး ဆက်လက်၍ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာသို့ သွားရောက်ပြီ အ.လ.က(ခွဲ) ငကျဉ်တောက်ကျောင်း၌ မိုခါမုန်တိုင်းကြောင်းပြည်သူ့ ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက်ကျန်းမာရေးဝန်ကြီး ဌာနမှစေလွှတ်သော ကလေးအထူး ကုဆရာဝန်ဦးဆောင်သော အဖွဲ့၊ ဘူးသီးတောင်တပ်နယ်မှ အထူးကုဆေးကုသ ရေးအဖွဲ့၊ ဘူးသီးတောင်မြို့ကျန်းမာရေး ဦးစီးဌာနမှ အထူးကုဆရာဝန်များ အဖွဲ့တို့နှင့် နယ်လှည့် ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်းကာ ဒပြုချောင်း ကျေးရွာ၌ ဒေသခံကျေးရွာသူ/ သားများအား နယ်လှည့်ကွင်းဆင်းပြီး (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးနေမှုတို့အားသွား ရောက်ကြည့်ရှုပြီးဆေး ကုသနေသည့် ပြည်သူများ အားအားပေးစကားများ ပြောကြားခဲ့ ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)