စစ်တွေ ဇွန် ၁၈
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အားတက်သရော ကူညီဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတော် အစီအမံဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများအား တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။
ရဲမှူး မျိုးတင့်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး
မေး။ ။ ဆရာ့နာမည်နဲ့ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာ ….
ဖြေ။ ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူး မျိုးတင့် ဖြစ်ပါတယ် ခင်ဗျာ။
မေး။ ။ ဟုတ်ကဲ့ ဆရာတို့ ရဲတပ်ဖွဲ့အနေနဲ့ ဆိုင်ကလုန်းမုန်တိုင်း( မိုခါ) ဖြစ်ပွားပြီးနောက် ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ခဏလောက်ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်ကိုယ်စား စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းမှာ နိုင်ငံတော်က ရေကြောင်းနဲ့ ပေးပို့ရောက်ရှိလာတဲ့ သင်္ဘောတွေက ကုန်ပစ္စည်းတွေကို မုန်တိုင်းသင့် မြို့နယ်တွေက ပြည်သူတွေဆီကို အချိန်နဲ့တပြေးညီရောက်ရှိနိုင်ဖို့အတွက် ကြီးကြပ်ပေးနေတာဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်က ပို့ပေးနေတဲ့ပစ္စည်းတွေကို ဘယ်လိုမျိုးဖြန့်ဖြူးပေးနေတယ်ဆိုတာကိုလည်း ပြောပြပေးပါဆရာ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ သင်္ဘောတွေဆိပ်ကပ်လာတဲ့အခါ ပါလာတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ သစ်လုပ်ငန်းက ပို့ပေးတဲ့သစ်တွေ၊ သွပ်တွေ၊ ဆန်တွေ၊ ရေသန့်တွေနဲ့ စားသောက် ကုန်တွေကို သင်္ဘောပေါ်ကနေ၊ ကားတွေ၊ ကမ်းထိုးရေ ယာဉ်တွေကို အတင်အချပြုလုပ်ပေးပါတယ်၊ နောက်ပြီး တော့ မုန်တိုင်းသင့်မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို အချိန်မီ အမြန်ဆုံးဖြန့်ဖြူးနိုင်အောင် လုပ်ဆောင်ပေးနေပါတယ်ခင်ဗျာ။ ဆန်နဲ့ စားသောက်ကုန်တွေအနေနဲ့ကတော့ သင်္ဘောတိုင်းလိုလိုမှာ ပါတဲ့အတွက် ဆန်တွေကိုတော့ အချိန်မီရောက်ရှိအောင် တပ်မတော်က ကမ်းထိုးရေယာဉ်တွေနဲ့ပို့ ပေးနေပါတယ်။
မေး။ ။ ပြန်လည်ထူထောင်ရေးအတွက် သင်္ဘောတွေနဲ့ ရောက်ရှိလာတဲ့ ပစ္စည်းတွေက ဘယ်ပစ္စည်းတွေက အများဆုံးပါနိုင်ပါလဲ ဆရာ။
ဖြေ။ ။ ကျွန်နော်တို့ သင်္ဘောပေါ်က အတင်အချလုပ်ရတဲ့နေရာမှာ ပစ္စည်းတွေကတော့ အများအားဖြင့် ဆန်တွေ၊ သွပ်တွေ၊ အိမ်ရိုက်သံတွေ၊ သွပ်ရိုက်သံတွေ၊ သစ်တွေ၊ အုတ်တွေ၊ အဝတ်အထည်တွေ၊ အရေးပေါ် စားသောက်လို့ရနိုင်တဲ့ ခေါက်ဆွဲခြောက်ဖာတွေ၊ ရေသန့်ဗူးတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေတော့ အစုံပါတာပေါ့၊ နောက်ပြီးတော့ လျှပ်စစ်ဓာတ်အားသွယ်တန်းဖို့ ဓာတ်တိုင်တွေ၊ ကြိုတွေ၊ ဓာတ်ကြိုး တွေပါတွေပါတာပေါ့၊ ဒီပစ္စည်းတွေကိုလည်း အကုန်လုံးတင်ချပြီး တော့ ဖြန့်ဝေပေးနေပါတယ်၊
မေး။ ။ ပြန်လည်ထူထောင်ရေးအတွက် ဒီစစ်တွေဆိပ်ကမ်းသို့ သင်္ဘောတွေနဲ့ ပို့ဆောင်ပေးနေတာကကော နေတိုင်း လိုလိုရှိနေပါသလား ဆရာ။
ဖြေ။ ။ နိုင်ငံတော်ကတော့ ပေးပို့တဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေကတော့ သင်္ဘောတွေနဲ့ ဆက်တိုက်လိုလို နေ့တိုင်းရောက်နေပါတယ်၊ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ မိုခါမုန် တိုင်းဖြစ်ပြီးနောက်ပိုင်း နေ့တိုင်း မနက် ၆ နာရီက ည၆နာရီထိ အတင်အချတွေ ကူညီဆောင်ရွက်တာတွေကို လုပ်ဆောင်လျက်ရှိပါတယ်၊
မေး။ ။ ဆရာတို့အနေနဲ့ မြို့ပေါ်တွေမှာ ရှင်းလင်းရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်နေကြတာတွေ တွေ့ရပါတယ်၊ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ဆရာတို့ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုးပူးပေါင်း ဆောင်ရွက် နေတာတွေ ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဟုတ် ဒီလိုရှင်းလင်းတဲ့ နေရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အပါအဝင် အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း၊ ဝက်ထီးကန်၊ ပြည်မြို့၊ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်း၊ စစ်ကိုင်း၊ အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်း၊ တောင်လေးလုံး၊ ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)၊ ရန်ကုန်၊ ရဲအရာရှိအတတ်သင်ကျောင်း၊ မန္တလေးတို့က တပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၂၀၀၀ ကျော်တို့ဟာ မေလ ၁၉ ရက်နေ့ကစပြီးတော့ ဒေသအသီးသီးက နေ့အလိုက်ရောက်ရှိလာကြပြီးတော့ မြို့တွင်းရှင်းလင်းရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်၊ ဒါအပြင် မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေကလည်း ရဲတပ်ဖွဲ့ရဲ့ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်တွေကို သက်ဆိုင်ဒေသအလိုက် တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အ စည်းတွေ၊ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ရဲမှူး နေဝင်း
ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)
မေး။ ။ ဆရာ့နာမည်နဲ့ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာ ….
ဖြေ။ ။ ကျွန်တော်ကတော့ ရဲမှူး နေဝင်းပါ ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)ကဖြစ်ပါတယ်။
မေး။ ။ ဆရာတို့အနေနဲ့ ဒီမိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှာ လာရောက်ပြီး ကူညီပေးရတဲ့အတွက် ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေကိုလည်း ရှင်းပြပေးပါဆရာ။
ဖြေ။ ။ ကျွန်တော်တို့ ရဲအကြပ်အတတ်သင်ကျောင်းက စစ်တွေမြို့ကို မေလ ၂၈ ကတည်းက စတင်ရောက် ရှိပါတယ်၊ ရောက်ရောက်ချင်းဘဲ ဒီမှာ လူကြီးတွေရဲ့ညွှန်ကြားချက်၊ အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်တွေကို နေ့မနား၊ ညမအားလို့ ပြောမေဆိုရင်လည်းရပါတယ်၊ စိတ်အားထက်သန်စွာနဲ့ စေတနာ အပြည့်နဲ့ပေါ့ ဆောင်ရွက်နေကြပါတယ်၊ ကျွန်တော်တို့မှာ ပါလာတဲ့တပ်ဖွဲ့ဝင်တွေကလည်း ကျွန်တော်တို့ ပြောတဲ့အတိုင်းဘဲ လိုက်နာဆောင် ရွက်ပေးနိုင်တယ်၊ သူတို့ကိုယ်တိုင်ကလည်း စိတ်အားထက်သန်စွာနဲ့ ဆောင်ရွက်ကြတဲ့အတွက် လုပ်ငန်းတွေက ဘာဘဲဖြစ်ဖြစ် ၈၀ ရာခိုင်နှုန်း အမြဲတမ်းပြီးနေပါတယ်၊ တခါတလေဆိုရင် ရာနှုန်းပြည့်စီးတာတွေတောင် ရှိပါတယ်၊ အတွေ့အကြုံတွေ ဆိုတာကကိုပြောတာနဲ့ကို ကိုယ်ကိုနှစ်ကလည်း စိတ်အားထက်သန်ဖို့လိုပါတယ်၊ ဒီလုပ်ငန်းတွေကိုလည်း အားတက်သလျော လုပ်နိုင်ဖို့လိုတယ်၊ တစ်ချိုကျတော့ အတွေ့အကြုံတွေရှိကြ ဘယ်မယ့် ဒီလိုအတွေ့အကြုံမျိုး ကတော့ ရှားပါတယ်၊ ကျွန်တော်တို့ကတော့ လမ်းဆိုရင်လည်း လမ်းကိစ္စကို ဦးစီးဦးဆောင်လုပ်ခဲ့ဖူးတယ်၊ နောက်တခါ ကျွန်တော်တို့တာဝန်ကျခဲ့တဲ့စခန်း မြို့နယ်၊ တိုင်း၊ ခရိုင်တွေမှာလည်း ဒီအလုပ်တွေကို လုပ်ခဲ့ဖူးတဲ့အတွက် ကျွန်တော်တို့ကတော့သိပ်တော့မစိမ်းဘယ်မယ့် လူပေါင်းစုံ နဲ့လုပ်ရတယ်၊ အဖွဲ့အစည်းပေါင်းစုံနဲ့လုပ်ရတဲ့အခါကျတော့ သဟဇာတဖြစ်ဖို့ တော်တော်လေးညှိယူရ ပါတယ်၊ ဒါဘယ်မယ့် အားလုံးအဆင်ပြေပါတယ်။
မေး။ ။ ဆရာတို့အနေနဲ့ ဘယ်လိုမျိုးလုပ်ငန်းတွေမှာပါဝင်ပြီးလုပ်ဆောင်နေပါသလဲခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ စစ်တွေမြို့ကို စရောက်တာနဲ့ အကျဉ်းဦးစီးဌာနကို စပြီးတာဝန်ထမ်းဆောင်ရပါတယ်၊ အဲဒီမှာ အကျဉ်းဦးစီးဌာနအထဲမှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ရတာရှိတယ်၊ လမ်းမှာရှိတဲ့ပစ္စည်းတွေကို ထုတ်ရတာရှိတယ်၊ နောက်ပြီးတော့ မြို့တွင်းလမ်းတွေမှာရှိတဲ့ အမှိုက်တွေ၊ လဲပြိုနေတဲ့ သစ်ပင်၊ သစ်ကိုင်တွေရှင်းလင်းတာတွေကို လုပ်ရပါတယ်၊ ပြီးတော့ ဒီမှာ သင်္ဘောကြီးပေါ်က ဆန်တွေချတာတွေ၊ သွပ်ပြားတွေချတာတွေ၊ အခုဆိုရင် သင်္ဘောပေါ်က အုတ်တွေကို ချနေတာရှိပါတယ်။
မေး။ ။ ဒီလိုမျိုး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပြပေးပါဆရာ။
ဖြေ။ ။ ဟုတ် ဒီအချိန်မှာတော့ ကျွန်တော်တို့က အခက်အခဲဆိုတာကို ပြောလို့မရပါဘူး၊ အခက်အခဲ ဆိုတာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ဘဲ အမြဲစဉ်းစားနေပါတယ်၊ အခက်အခဲကတော့ နည်းနိုင်သမျှနည်း နေပါတယ်၊ ဖြည့်ဆည်းမှုလည်းအားလုံးပံ့ပိုးပေးထားတဲ့အတွက် အဆင်ပြေပါတယ်၊ ရေသန့်ကအစပေါ့ ကျွန်တော်တို့တစ်ခါတလေဆိုရင် သီးစုံဒံပေါက်တွေလည်း ဖြန့်ဝေပေးတာရှိပါတယ်၊ တပ်ဖွဲ့ဝင်တွေ ကလည်း လက်ခံစားသုံးပြီးတော့ကြည်နူးပျော်ရွှင်စာနဲ့ အခုဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင် နဲ့လုပ်ဆောင် နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ဆရာအနေနဲ့ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောကြားစရာလေးရှိရင် ပြောကြားပေးပါဆရာ။
ဖြေ။ ။ ဟုတ် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ တပ်မတော်နဲ့အတူ လက်တွဲပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်၊ အခုအာဏာပိုင်အဖွဲ့အစည်း တွေကလည်း မူဝါဒနဲ့အညီ ချမှတ်ပေးတာတွေရှိတယ်၊ ဒီချမှတ်ပေးတဲ့မူဝါတွေကလည်း သမာသမတ် ကျတာတွေကို တွေ့ရတယ်၊ ကျွန်တော်တို့ကလည်း သဘောကျတယ်၊ လူကြီးတွေကတော့ စိတ်ဆန္ဒစောကြတာပေါ့ ပြီးစေချင်တဲ့ဆန္ဒတွေပေါ့၊ ကျွန်တော်တို့ကလည်း စိတ်ဆန္ဒတော့စောကြတာပေါ့ ပြီးစေချင်တဲ့ ဆန္ဒတွေနဲ့ပါ၊ ဒီတာဝန်ထမ်းဆောင်တဲ့ကာလလေးမှာပေါ့ ဟုတ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ……
တင်ထွန်း(ပြန်/ ဆက်)