ဘူးသီးတောင် ဇွန် ၁၈
၂၀၂၃ခုနှစ်၊ မေလ ၁၄ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းမိုခါ(MOCHA) ဆိုင်ကလုန်မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်(၁၇)မြို့နယ်အတွင်း ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီးဘူးသီးတောင် မြို့နယ်မှာ လည်းမိုခါမုန်တိုင်း ကြောင်းထိခိုက်/ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း ပြည်သူများအနေနဲ့ အခက်အခဲများ ကြုံတွေ့ရသည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အဓိကလို အပ်ချက်ဖြစ်ပြီး လူသားတိုင်း အတွက်ကျန်းမာခြင်းသည် လာဒ်တပါးဆိုသည့် အတိုင်းပြည်သူများ ကျန်းမာစေရန်အတွက်မုန်တိုင်း အလွန်ကာလတွင် ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ဆေးကုသပေးနေမှု အပေါ်တာဝန်ရှိသူများနှင့် ဒေသခံပြည် သူများ၏ ရင်တွင်းစကားသံများကိုယခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒေါက်တာတင်ဟိန်းဇော်
မေး။ ဆရာနာမည်နဲ့ရာထူးတာဝန်ကိုမိတ်ဆက်ပေးပါဆရာရှင့်။
ဖြေ။ကျွန်တော်ကတော့ ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာတင်ဟိန်းဇော်၊ မကွေးဆေး တက္ကသိုလ် ဖြစ်ပါတယ်ခင်ဗျာ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်လိုက်တာပါ ကျွန်တော်က တော့အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ကျွန်တော်တော်တို့အဖွဲ့မှာ အထူးကု(ကလေး)၊ အထူးကု(သမားတော်)၊ အထူးကု(အရိုးအထူးကု (ဆေးပညာ)၊အထူးကု (ခွဲစိတ်)ဆရာဝန်တို့ ပါရှိပါတယ်ခင်ဗျာ။
မေး။ ဆရာတို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ယခုလိုဆေးကုသပေးခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေရှင့်
ဖြေ။ မိုခါမုန်တိုင်းတိုက်ခတ်ပြီးကာလအလွန်မှာ ကျွန်တော်တို့ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ လူအသက်ထက်အရေးကြီး တာမရှိသဖြင့်ပြည်သူတွေ ကျန်းမာဖို့မုန်တိုင်းဒဏ်သင့်နေ ရာများသို့သွားရောက်ပြီး ပြည်သူတွေကျန်းမာဖို့ကျန်မာရေး စောင့်ရှောက်မှုတွေကိုနယ် လှည့်ကွင်းဆင်းဆေး ကုသပေးနေခြင်းဖြစ်ပါတယ်၊ ပြည်သူတွေကျန်းမာနေမှမိသားစုအရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နိုင်ပြီး မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်လာ မှာဖြစ်ပါတယ်ခင်ဗျာ။
မေး။ ဆရာတို့နယ်လှည့်ဆေးကုသရေး အဖွဲ့အနေနဲ့ဘယ်နေ့ကစတင် ရောက်ရှိပြီးဆေး ကုသပေးမှု တွေကိုဆောင်ရွက်ခဲ့ပါသလဲခင်ဗျာ။
ဖြေ။ ကျွန်တော်တို့နယ်လှည့် ဆေးကုသရေးအဖွဲ့အနေနဲ့ဘူးသီးတောင်မြို့ ကိုဇွန်လ(၁၀)ရက် နေ့ကစတင် ရောက်ရှိပြီးမြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာတွေကို လှည့်လှည်ပြီးတော့ ဒေသခံပြည်သူတွေကို (အခမဲ့)ဆေးကုသမှု၊ကျန်းမာရေး စောင့်ရှောက်မှုတွေပေး လျက်ရှိပါတယ်၊ ကျွန်တော်တို့အဖွဲ့ဟာ ဒီနေ့အထိကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တာ ဆိုရင်ဒေသခံပြည်သူ (၁၃၂၃)ဦးကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဖြစ်ပါတယ်ခင်ဗျာ။
မေး။ ဆရာတို့ထံဆေးကုသခံယူကြတဲ့ အထဲမှာပေါ့နော်ဘယ်ရောဂါ တွေအဖြစ်များ ဆုံးပါလဲရှင့်။
ဖြေ။ကျွန်တော်က တော့ကလေးအထူး ကုဖြစ်တဲ့အတွက်လာရောက် ဆေးကုသခံယူတဲ့လူနာ တွေထဲမှာ..မုန်တိုင်းလွန် ကာလဖြစ်ပြီးရာသီဥတုအပြောင်း အလဲတွေကြောင့်ဖျားကြ တာတယ်၊ဝမ်းလျော့တဲ့ ကလေးတွေလည်းပါတယ်၊ ရေမသန့်ရှင်းမှု တွေကြောင့်ပေါ့နော်၊ တခြားအထူးကု ဆရာဝန်တွေမှာလည်း သွေးတိုးရောဂါ၊ဆီးချိုရောဂါ အရိုးအကြောနဲ့ပတ်သက် တဲ့ရောဂါတွေလာရောက်ပြသကြပါတယ်ခင်ဗျား။
မေး။ ဆေးလာရောက်ကုသတဲ့ လူနာတွေထဲမှာအရေးပေါ် လူနာတွေနဲ့ကြုံတွေ့ခဲ့ရင် ဘယ်လိုမျိုး ကုသပေးဖို့ စီစဉ်ဆောင်ရွက်ထားရှိပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့ဆီဆေး ကုသတဲ့လူနာတွေထဲမှာ အရေးပေါ်လူနာတွေတော့ မကြုံရသေးဘူး တကယ်လို့ ကြုံတွေ့ခဲ့ရင်ဘူးသီးတောင်မြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ ယူဆောင်ပြီးလူနာတွေအတွက်စိတ်ချရတဲ့ အခြေအနေဖြစ်အောင်ကျန်းမာရေး စောင့်ရှောက်မှုပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ။
မေး။ ပြည်သူတွေကိုနယ်လှည့်ဆေးကုသပေးတဲ့ အတွက်ဆရာရဲ့ ရင်တွင်းခံစားချက်ကို သိပါရစေရှင့်။
ဖြေ။ ယခုလိုမျိုးပြည်သူတွေ အခက်အခဲကြုံတွေ့ရတဲ့ အချိန်ပြည်သူတွေကိုကျန်းမာရေး စောင့်ရှောက်မှုပေးရတဲ့ အတွက် အရမ်းဘဲဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်မိပါတယ်ခင်ဗျာ။ ပြည်သူတွေကလည်း ယခုလို အခက်အခဲကြုံနေရတဲ့အချိန်မှာ ကျန်းမာရေး ဂရုတစိုက်နဲ့နေထိုင်ပေးကြပါ။
ဗိုလ်ကြီးဖြိုးမောင်မောင်
မေး။ ဗိုလ်ကြီးရဲ့ အမည်နဲ့ရာ ထူးကိုမိတ်ဆက်ပေးပါအုန်းရှင့် ဖြေ။ ကျွန်တော်ကတော့ ဗိုလ်ကြီးဖြိုးမောင်မောင် ဖြစ်ပါတယ်။ အမှတ်(၁)တပ်မတော်သားဖွား မီးယပ်ကလေး ဆေးရုံကုတင် (၃၀၀)(မလာဒုံ)မှဖြစ်ပြီး ကျွန်တော်တို့ဆေးအဖွဲ့မှာ (၆)ဦးပါရှိပါတယ်၊ ဘူးသီးတောင်ဒေသကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်စေလွှတ်လိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။
မေး ။ ဘူးသီးတောင်မြို့နယ် အတွင်းဘယ်နေရာအထိ ဆေးကုသပေးလျက်ရှိပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့အဖွဲ့ကတော့မြို့ပေါ် ရပ်ကွက်တွေနဲ့ကျေးရွာ (၁၂)ရွာအထိသွားရောက်ပြီး နယ်လှည့် ဆေးကုသပေးပြီးဖြစ်ပါတယ်ခင်ဗျာ။
မေး။ ဆေးလာရောက်ကုသတဲ့လူနာတွေထဲမှာဘယ်ရောဂါတွေအဖြစ်များဆုံးလဲ။
ဖြေ။ အဓိကတော့ကျွန်တော်တို့အဖွဲ့ဆီလာရောက်ပြသတဲ့လူနာတွေထဲမှာ အရေးပြားရောဂါ တွေများတယ်၊ သွေးတိုးရောဂါ၊ သွေးအားနည်း ရောဂါတွေအဖြစ်များတယ်။
မေး။ ဆေးပါးထောက်ပံ့မှုအနေနဲ့ဘယ်လိုစီစဉ်ဆောင်ရွက်ထားရှိပါသလဲ။
ဖြေ။ လာရောက်ပြသတဲ့ ဆေးကုသခံယူတဲ့လူ နာတွေကိုကျွန်တော်တို့ နယ်လှည့် ဆေးကုသရေး အဖွဲ့မှဆရာဝန်နှင့် တာဝန်ရှိသူတွေကလိုအပ်တဲ့ ဆေးဝါးတွေကို(အခမဲ့) ပေးပြီးပြည်သူတွေ ကျန်းမာသက်ရှည်စေဖို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ ပါတယ်ခင်ဗျာ။
မေး။ ပြည်သူတွေကိုနယ်လှည့်ဆေး ကုသပေးတဲ့အတွက်ဗိုလ်ကြီး အနေနဲ့ရင်တွင်း ခံစားချက်ကို သိပါရစေရှင့်။
ဖြေ။ ယခုလိုမျိုးပြည်သူတွေ အခက်အခဲကြုံတွေ့ရတဲ့ အချိန်ပြည်သူတွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးရတဲ့ အတွက်အရမ်း ဘဲဝမ်းမြောက်ဝမ်း သာပီတိဖြစ်မိပါတယ်ခင်ဗျာ။
ပြည်သူများရဲ့ရင်တွင်းစကားသံများ
မေး။ ဦးလေးရဲ့နာမည်နဲ့ဘယ်ရွာကနေလာရောက်ဆေးကုသမှုခံယူတာလဲ ဆေးကုသခံယူမှု အပေါ်ဦးလေးရဲ့ရင်တွင်းခံစားချက်ကိုသိပါရစေရှင့်။
ဖြေ။ ဟုတ်ကဲ့ပါကျွန်တော်ကတော့ ငကျည်တောက်ကျေးရွာက ဦးလှဖေသိန်းဖြစ်ပါတယ်။ သွေးတိုး၊ ဆီချိုရောဂါရှိတယ်၊ ကျွန်တော်ကဘူးသီးတောင်နယ်က ဆရာဝန်တွေ ဆီပြသခဲ့ပါတယ်။ ကျွန်တော်တို့ကျေးရွာက ပြည်သူတွေအနေနဲ့ ဘူသီးတောင်မြို့ကို ဆေးခန်းပြသရန်သွားမယ်ဆိုရင် လမ်းစရိတ်လည်းကုန်မယ်၊ ဆေးဖိုးအပါအဝင် ဆေးခန်းပြသခကအစပေါ့ဗျာ ၊ငွေကုန်ကြေးကျများမယ် ၊ကျွန်တော်တို့ကျေးရွာကလူတွေက လယ်သမား တွေစိုက်ပျိုးရေး လုပ်စားတော့ဒီလိုအချိန်မှာငွေ အခက်အခဲအများကြီးရှိတယ်။ ဒါကြောင့်ယခုလို ကျေးရွာတွေအထိနယ်လှည့် ဆေးကုသပေးတဲ့အတွက်ဆရာဝန်တွေ၊ နိုင်ငံတော်အကြီးအကဲတွေကိုပါ အထူးဘဲကျေးဇူးတင်ရှိပါတယ်။
မေး။ ဦးလေးရဲ့နာမည်နဲ့ဘယ်ရွာကနေလာရောက်ဆေးကုသမှုခံယူတာလဲ။ ဆေးကုသခံယူမှု အပေါ်ဦးလေးရဲ့ရင်တွင်းခံစားချက်ကိုသိပါရစေရှင့်။
ဖြေ။ ဦးလေးနာမည်က ဦးမာမတ် ဆီဒါန်ငကျည် တောက်ကျေးရွာကနေ လာတာအခမဲ့ဆေးကုသရတဲ့ အတွက်အထူးဘဲကျေးဇူး တင်ရှိပါတယ်။ ကျွန်တော်ကအသက်ကြီးတော့ဆေးခန်း သွားပြရင်မိသားစုတွေပါလိုက်ပို့ ရတယ်၊ ငွေတွေကုန်တယ်၊ အခုကကျေးရွာအထိလာပြီးဆေး ကုသပေးဟာနိုင်ငံတော်အကြီး အကဲတွေစေတနာနဲ့ ဆရာဝန်ကြီးတွေရဲ့ စေတနာအပြည့်နဲ့ဆေးကုသပေးမှု အပေါ်ဦးလေးတို့ ကျေးရွာသူ /သားများကိုယ်စားအထူး ဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဘူးသီးတောင်မြို့နယ် တွင်မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်သူများဆေးကုသမှုအခက်အခဲ မရှိစေရန်နှင့် မိုခါမုန်တိုင်းသင့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင်ဒေသခံ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိရာ မုန်တိုင်းအလွန် ကာလ ပြည်သူများကျန်းမာစေရန် အတွက်ဘူးသီးတောင် မြို့ပေါ်ရပ်ကွက် နှင်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှစေလွှတ်သည့် ဆရာဝန်ကြီးများ၊ဘူး သီးတောင်တပ်နယ်မှ အထူးကုဆေးကုသရေး အဖွဲ့များ၊ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အထူးကု ဆရာဝန်များအဖွဲ့တို့နှင့် ပူးပေါင်းကာယမန်နေ့အထိ ဒေသခံပြည်သူ(၁၃၂၃)ဦးအား (အခမဲ့)နယ်လှည့်ကွင်းဆင်းဆေးကု သပေးပြီးဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ရှင့်။
တွေ့ဆုံမေးမြန်းသူ - အေးအေးအောင်၊ ဓာတ်ပုံ - လှကျော်