အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

 

အမ်း ဇွန် ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို  ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က မသန်စွမ်းသူများ အမျိုးအစား၊ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲ၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တန်းတူညီမျှမှု၊ အလုပ်အကိုင်အခွင့်အ လမ်းများ၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ကိုယ်အင်ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းဟူ၍ မသန်စွမ်းသူများ အမျိုးအစား(၅) မျိုးရှိကြောင်း၊ မသန်စွမ်းဆိုသည်မှာ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိ ဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ၊ တစ်ခု(သို့)တစ်ခုထက် ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုလိုပါကြောင်း၊ မသန်စွမ်းမှုဆိုသည်မှာ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုလိုကြောင်း၊ လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်ခွင့်နှင့် တန်းတူညီမျှမှု၊ အလုပ် အကိုင် အခွင့်အလမ်းများ၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်များ၊ အလုပ်အကိုင်အတွက် အခွင့်အလမ်းများ၊ မသန်စွမ်းသူဖြစ်ကြောင်း အသိအမှတ်ပြုရန် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲအား ပြည်သူများနှင့် မသန်စွမ်းသူများအား သိရှိစေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)