ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက်များအား အမ်းမြို့နယ်အတွင်းရှိ (မိုခါ)မုန်တိုင်း လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်

 

အမ်း ဇွန် ၂၀      

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက်များအား ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များက (မိုခါ)မုန်တိုင်း လေဘေးသင့် ပြည်သူများထံသို့ ယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၂၂)အုပ်စုတို့မှ အိမ်ထောင်စု(၂၇၉)စု၊ လူဦးရေ (၁၁၉၃) ဦးအတွက် မိုခါမုန်တိုင်းကြောင့် လေဘေး​သင့်ပြည်သူများအတွက် လူဦးရေ ၁ ဦးမှ ၃ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၁ ဘူးနှင့် ခေါက်ဆွဲခြောက် ၁၀ ထုတ်၊ လူဦးရေ ၄ ဦးမှ ၅ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၂ ဘူးနှင့် ခေါက်ဆွဲခြောက် ၁၂ ထုတ်၊ လူဦးရေ ၆ ဦးမှ ၈ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၂ ဘူးနှင့် ခေါက်ဆွဲခြောက် ၁၄ ထုတ်၊လူဦးရေ ၉ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ငါးသေတ္တာ ၄ ဘူးနှင့် ခေါက်ဆွဲခြောက် ၁၆ ထုတ် စုစုပေါင်း ငါးသေတ္တာ ၅၀၀ ဗူးနှင့် ခေါက်ဆွဲခြောက် ၃၃၀၀ ထုတ်အား ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ့သို့ ခရိုင်/မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ​‌လေဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)