မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်း၊ စာသင်ကျောင်းများအား ကြည့်ရှု

မောင်တော ဇွန် ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာန မောင်တောခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်ကြီးနှင့် တာ၀န်ရှိသူများသည်  မောင်တောမြို့နယ် အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး  ပျက်စီးခဲ့သည့်  ဘုန်းတော်ကြီးများဖြစ်သော  အောင်ဗလကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဘင်္ဂလားဒေ့ရှ်ကျောင်း၊ သဒ္ဓမ္မပါလ(၃)မိုင်ကျောင်း၊ တပ်ဦးကျောင်း၊ မကျည်းကုန်းကျောင်း၊ ဝေသာလီကျောင်း၊ ရွှေဗဟိုလ်ကျောင်း၊ သရီကုန်းဘောင်ကျောင်း၊  မောရဝတီကျောင်း၊ အလယ်သံကျော်ကျောင်း၊ ဉဒေါင်းကျောင်း စသည့် ဘုန်းကြီး ကျောင်းများသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေများ၊ ဆန်၊ ခေါက်ဆွဲခြာက်၊ ဂတ်(စ်)မီးဖို၊ ဂတ်(စ်)ဘူး၊ အချိုရည်တို့အား ကျောင်းထိုင်ဆရာတော်များထံသို့ တာ၀န်ရှိသူများက အသီးသီးထောက်ပံ့လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေသည် တာဝန်ရှိသူများနှင့်အတူ  အလယ်သံကျော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မောရဝတီကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း  အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်  ပညာသင်ယူလျက်ရှိသည်များအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စာသင်ကျောင်းများအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်