ကျောက်ဖြူမြို့တွင် (၁၅) ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမိသားစုမှကြီးမှူးကျင်းပသည့် (၁၅) ကြိမ် မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး ရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးနှင့် ဆရာဆရာမများ၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။