ဂွမြို့၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဂွ   အောက်တိုဘာ  ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားရပ်ကွက်/ကျေးရွာ ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ၅နာရီအချိန်က မြို့မအားကစား ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ(၁၆)ရက်နေ့မှအောက်တိုဘာလ (၄)ရက် နေ့အထိ အသင်း(၁၀)သင်း ယှဉ်ပြိုင်ကစားခဲ့ရာ ယနေ့တွင် ဗိုလ်လုပွဲအဖြစ် ရဟိုင်ကူးတို့ အသင်း နှင့် ကျိန္တလီအသင်းတို့၏ ကစားပွဲတွင် ရဟိုင်ကူးတို့အသင်းက ပထမဆုဖြင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဆုကို ရရှိခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် လည်ဆွဲပြားတံဆိပ်၊ငွေသားဆုများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ ဒုတိယဆုရရှိသည့် ကျိန္တလီအသင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ထွန်းက လည်းကောင်း၊ တတိယဆုရရှိသည့် မြို့မအသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးလှတင့်ကလည်းကောင်း၊ ပွဲစဥ်တစ်လျှောက် ဂိုးသမားအကောင်းဆုံးဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းအကောင်းဆုံးဆုများနှင့် အသန့်ရှင်းဆုံး အသင်းဆုများအား မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက လည်းကောင်း  အသီးသီးချီးမြှင့်ပေး အပ်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်