ရသေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ညနေပိုင်းက စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။