ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၌ ရေဂါလံ ၁၀၀၀၀ ဆံ့ မီးသတ်အုတ်ရေလှောင်ကန်တည်ဆောက်နေမှုအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဘူးသီးတောင် အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၌ ရေဂါလံ(၁ဝဝဝဝ) ဆံ့ မီးသတ်အုတ်ရေလှောင်ကန် တည်ဆောက်နေမှုအား မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါအုတ်ရေလှောင်ကန်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများ ရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)