တောင်ကုတ် အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ကမ္ဘာ့ဆရာများအနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းတင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီဟသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ကြကာ လက်ဆောင်များပေးအပ်ကြသည်။ထို့နောက် ပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစား ဆရာကြီး ဦးစံဆင့်နှင့် လက်ထောက်ပြည်နယ် ပညာရေးမှူး အငြိမ်းစား ဆရာမကြီး ဒေါ်ခင်ရီ တို့က ဩဝါဒ စကားများပြောကြားခဲ့သည်။
အခမ်းအနားသို့ အသက်(၇၀)နှင့်အထက်အပူဇော်ခံ အငြိမ်းစားဆရာကြီး ၊ ဆရာမကြီး(၉၀)ဦးနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)