အမ်း အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အဆင့်မြင့်အမျိုးသမီး အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းမှ သင်တန်းသူများအားမကြာမီ သင်တန်းကာလပြီးဆုံး၍ မိမိဒေသ၊ စက်ရုံအလုပ်ရုံများ၌ တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ မိမိတို့ နေရာဒေသ အသီးသီး၌ စိတ်ချမ်းသာစွာနေထိုင်နည်း၊ အခက်ခဲဆုံးဘဝစာမေးပွဲဖြေဆိုနည်းနှင့်စိတ် ဓာတ်ခွန်အားကိုဖြစ်စေမည့် စာပေအကြောင်း သိကောင်းစရာများ စာပေကိုစိတ်ဝင်စားပြီး စာပေကို ချစ်မြတ်နိုးလာစေရန်၊ စာပေမှပေးသောအသိပညာဗဟု သုတများအကြောင်းအရာများ၊ စာပေဖတ်ရှုသည့် အလေ့အထအလေ့အကျင့် ကောင်း၏အကျိုးကျေးဇူးနှင့် အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်ပြီး ရရှိသော အသိဉာဏ် ပညာဗဟုသုတများဖြင့် မိမိတို့၏ ရပ်ရွာအကျိုး ဒေသအကျိုးပြုကြစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူကုန်ကူးမှုခံရမှုများမရှိစေ ရေးအတွက် ရှောင်ရန်ဆောင်ရန်အချက်များစသော အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အဆင့်မြင့် အမျိုးသမီးအိမ် တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းမှ သင်တန်း သူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးအရာရှိက စာစောင်ပါအကြောင်း အရာများနှင့် သိသင့်သိထိုက် သောအကြောင်းအရာများနှင့် သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်