ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ ဆက်ကပ် လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး(၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတက်ရောက်
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး (၉)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထား သူများတက်ရောက်ကြသည်။