သံတွဲမြို့၌ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခြောက်လောင်းလှူပွဲ ကျင်းပ
သံတွဲမြို့နယ်လုံးဆိုင်ရာ သုဓမ္မာနိကာယ ငလျင်တောင်ပဝါရဏာဂိုဏ်း ဆရာတော်ကြီးများက ကြီးမှူး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခြောက် လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က သံတွဲမြို့ မဟာဗောဓိစာသင်တိုက်မှစတင်၍ သံတွဲမြို့ အတွင်းလှည့်လည် ကျင်းပပြုလုပ်ခဲ့သည်။