ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထူးစည်းကား

မောင်တော  အောက်တိုဘာ  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေစေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် ဇနီးဒေါ်ခင်စန္ဒာဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေစေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာအစဉ်အလာအတိုင်း စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကို ကျင်းပပြုလုပ်ရာ ရဟန်း၊ သံဃာတော်အရှင်သူမြတ်များအား မြို့မဘုန်းတော်ကြီးကျောင်းတိုက်မှ စတင်ထွက်ခွာကာ ဈေးကြီးတစ်ပတ်လမ်းမကြီးအတိုင်း စီတန်းလည့်လည်ကာ ရဟန်း၊ သံဃာတော်အပါး(၁၄၀)ခန့်အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)