ကျောက်ဖြူ အောက်တိုဘာ ၂၉
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဉပုဒ်သီလ ဆောက်တည်ရန်လာရောက်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများ ပြားလျက်ရှိသည်။
ထိုသို့ သီလဆောက်တည်ရန်လာရောက်သူများနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ယနေ့နံနက် ၆ နာရီခန့်ကပင် အဆိုပါဘုရားရင်ပြင်ပေါ်၌ သီလခံယူဆောက်တည်ခြင်း၊ ဘုရားဆင်းတုတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဘုရားပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အဓိဌာန် ပုတီးစိပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ သမိုင်းဝင်ကျောက်တစ်လုံးဘုရားနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဉပုဒ်သီလဆောက်တည်သူများပြားလျက်ရှိပြီး ရပ်ကွက်အချို့တွင်စတုဒီသာအလှူ ပြုလုပ်ခြင်းများ ဆောင် ရွက်လျက်ရှိကြသည်။
အဆိုပါ သမိုင်းဝင်တန်ခိုးကြီးကံ့ကော်တောဘုရားမှာ ပေါ်တော်မူဆုတောင်းပြည့်ဘုရားဖြစ်ပြီး ကံ့ကော်ပင်များစွာရှိသည့် တောအုပ်တွင် ကိန်းဝပ်စံပါယ်တော်မူရာမှအစွဲပြု၍ ကံ့ကော်တောဘုရားဟု ခေါ်ဆိုလာကြသည်။ ၎င်းဘုရားသို့ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းမြေ့စွာ ဖူးမျော်နိုင်ရန် အတွက် ဘုရားပုရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ထားရှိပြီး၊ ညဘက်တွင်လည်း ရောင်စုံမီးများထွန်းညှိပူဇော် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)