ပေါက်တောမြို့ရှိ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်းကား

ပေါက်တော အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာကျင့်ကြံ အားထုတ်နေကြသူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတို့၏ နေ့ထူး၊ နေ့မြတ်တစ်နေ့ ဖြစ်သည့်အပြင် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ တစ်နေ့ဖြစ်သည့်အတွက်  ပေါက်တောမြို့နယ်ရှိ ဘုရားစေတီ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းတော်ကြီးကပ်ပူဇော်ပွဲ၊ ဥပုသ် သီလဆောက်တည်သူများနှင့် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)